လသာမြို့နယ် သံဈေးမီးလောင်မှုတွင် ပိတ်မိနေသူ ၈၅ ဦးအား ကယ်ဆယ်ထားပြီးဖြစ်

ရန်ကုန် ၂၀ ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၂)ရပ်ကွက်၊ လမ်းမတော်လမ်း၊ သံဈေးတွင် ယနေ့ နံနက် ၆ နာရီ ၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 5 အဆင့် သတ်မှတ်ကာ ငြှိမ်းသတ်ခဲ့ရပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။

 

အဆိုပါမီးလောင်မှုကို ၃ နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရကာ နံနက် ၉ နာရီ ၃၆ မိနစ်တွင် မီးလောင်မှုအတွင်းပိတ်မိနေသူ ၈၅ ဦးနှင့် အိမ်မွေး ခွေး ၁ ကောင်အား  ကယ်ဆယ်ထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းသိရပါသည်။

 

MDN

Crd, Myanmar Fire Services Department