လပွတ္တာ၌ ခရီးသည် နားခိုဆောင်ဖွင့်လှစ်ခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

လပွတ္တာ   ၂၁  ဖေဖော်ဝါရီ     

အမှတ်(၈၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လပွတ္တာ) မှ တိုင်းဒေသကြီး ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ညွှန်ကြားချက်နှင့်အညီ လပွတ္တာ ခရိုင်/မြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ကြီးမှူးကျင်းပသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး မြေစိုက်ပိုစတာ  စိုက်ထူခြင်း၊ ခရီးသည်နားခိုဆောင် (BUS STAND) ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က လပွတ္တာ-မြောင်းမြ ကားလမ်း ၊ လပွတ္တာမြို့သစ် မြို့ဝင်၌ ကျင်းပသည်။

ထို့နောက် ခရီးသည် နားနေဆောင် (BUS STAND) ကို ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာများဖြင့် ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ကြသည်။

 

‌ေ

 

ထို့နောက် အမှတ်(၈၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ အများပြည်သူများ သိရှိစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေး လက်ကမ်းစာစောင်များကို  ခရိုင်/မြို့နယ့်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ဖြန့်ဝေပေးခဲ့သည်။ ခရီးသည်နားခိုဆောင်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဗီနိုင်းပိုစတာများပါ ပြသထားလျက်ရှိကြောင်း သိရသည်။

ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)