လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်မည့် သင်တန်း (၃)ခုအတွက် သင်တန်းသား (၆၅)ဦး ခေါ်ယူမည်

လပွတ္တာ ၂၁   ဇန်နဝါရီ 

   

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်မည့် သင်တန်း(၃)ခုအတွက် သင်တန်းသား (၆၅)ဦး ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းများအနက် တစ်လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို သင်တန်းသား (၁၅)ဦးဖြင့် ကုန်းကြီးကျေးရွာအုပ်စု ကုန်းကြီးကျေးရွာတွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၂၉ ရက်ထိ သင်တန်းကာလ (၂၀)ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး အခြေခံစက်ချုပ်သင်တန်းကို သင်တန်းသူဦးရေ (၂၅)ဦးဖြင့် လပွတ္တာမြို့နယ် ကြာကန်ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ၌ မတ်လ ၉ ရက်မှ ဧပြီလ ၇ ရက်နေ့အထိ သင်တန်းကာလ (၃၀)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ထို့အပြင် အခြေခံကွန်ပျူတာသင်တန်းအား သင်တန်းသား (၁၀)ဦး၊ သင်တန်းသူ (၁၅)ဦး စုစုပေါင်း (၂၅)ဦးဖြင့် သရက်ကုန်းကျေးရွာတွင် မေလ ၁၁ ရက်မှ ၃၀ ရက်အထိ ရက်(၂၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းတက်ရောက်လိုသူများ အနေဖြင့် အသေးစိတ်အချက်အလက်များကို  လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း-ဝ၉-၈၉၅၀၉၅၁၁၆ သို့  လည်းကောင်း၊ ဝ၉-၉၆၀၉၃၀၉၅၃သို့လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး သင်တန်းသားအမည်စာရင်းအား သင်တန်းကာလ မစတင်မီ ရက်သတ္တပတ် (၂)ပတ်အလိုထိ နောက်ဆုံးထား၍ စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။

 

ခင်လေးဝါ(ရွှေတာမြေ)