“လှပတင့်ဆန်း မြိတ်တက္ကသိုလ်ပန်း ” အငြိမ့်အဖွဲ့ ဖျော်ဖြေမည်



တွေ့ဆုံမေးမြန်း- ရီရီမြင့် ၊ ဓာတ်ပုံ- ရီရီ
ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်အဖြစ်  ရန်ကုန်တက္ကသိုလ်မှ ကံ့ကော်မြိုင်အငြိမ့်၊ ဒဂုံတက္ကသိုလ်မှ ဒဂုံဧကရီ၊ မန္တလေးတက္ကသိုလ်မှ  မြကွန်းသာအငြိမ့်တို့၏  ဖျော်ဖြေတင်ဆက်မှုကို   မြန်မာ့အသံနှင့်  ရုပ်မြင် သံကြားတွင်  ရိုက်ကူးထုတ်လွှင့်ခဲ့ပြီးဖြစ်သည်။
မကြာမီ  မြိတ်တက္ကသိုလ်မှ   “လှပ တင့်ဆန်း မြိတ်တက္ကသိုလ်ပန်း ” အငြိမ့်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို      မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်     ရိုက်ကူးထုတ်လွှင့်ရန် အတွက်  ရန်ကုန်တက္ကသိုလ် စစ်ကိုင်းဆောင်၌    ဇာတ်တိုက်လေ့ကျင့်နေမှုကို          မြန်မာ့ သတင်းစဉ်မှ      သွားရောက်တွေ့ဆုံမေးမြန်း ထားပါသည်။
ဒေါ်စောမြတ်ဥမ္မာ
ကထိက၊ အင်္ဂလိပ်စာဌာန
ရန်ကုန်တက္ကသိုလ်   ရာပြည့်အထိမ်း အမှတ်   အငြိမ့်ဖျော်ဖြေပွဲကြီးမှာ    မြိတ် တက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေနဲ့  လာရောက်ဖျော်ဖြေရိုက်ကူးခြင်း ဖြစ်ပါတယ်။ မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားမှာ  နိုဝင်ဘာ လ ၂၄ ရက်မှာ     ရိုက်ကူးရေးလုပ်မယ်။ နိုဝင်ဘာလ ၂၈ ရက်မှာ   ထုတ်လွှင့်ပြသသွား မှာ ဖြစ်ပါတယ်။ ကျွန်မတို့ မြိတ်တက္ကသိုလ်က စာပေနဲ့   ယဉ်ကျေးမှုအသင်းက   အကအဖွဲ့ ကတော့    ပုံမှန်သင်္ကြန်တို့၊    မြိတ်မြို့မှာရှိတဲ့ အခမ်းအနားတွေ၊ နိုင်ငံတော်အခမ်းအနားတွေ မှာ    ဖျော်ဖြေလေ့   ရှိပါတယ်။   ရန်ကုန် တက္ကသိုလ်ကို ဂုဏ်ပြုဖို့အတွက်  ဒီအငြိမ့်အဖွဲ့ လေးကို   ပထမဆုံးအကြိမ်  စပြီးဖွဲ့စည်းခြင်း ဖြစ်ပါတယ်။    ဒီအငြိမ့်အဖွဲ့ကို   ရွှေတံဆိပ်ဆု များရှင် ပြည်မြန်မာဟိန်းရာဇာဆိုင်းအဖွဲ့နဲ့ တွဲဖက်ပြီး   ဖျော်ဖြေမှာ  ဖြစ်ပါတယ်။ မြိတ် တက္ကသိုလ်အနေနဲ့    စာပေနဲ့   ယဉ်ကျေးမှုက တော့    စဉ်ဆက်မပြတ်   ပါဝင်လာခဲ့တယ်။ ထိုင်းနိုင်ငံ PBRU တက္ကသိုလ်   (Phetchaburi Rajabhat University) နဲ့လည်း  အာဆီယံ အနုပညာနဲ့     ယဉ်ကျေးမှု    ဖလှယ်ပွဲတွေ လုပ်တာသုံးနှစ်ဆက်တိုက်ရှိပါပြီ။ နောက်ပိုင်း မှာလည်း မြိတ်တက္ကသိုလ်အနေနဲ့ အနုပညာ မှာ   ထွန်းထွန်းပေါက်ပေါက်နဲ့  မျိုးဆက်သစ် ကျောင်းသားလေးတွေ       ဒီအငြိမ့်အဖွဲ့ကို ထိန်းသိမ်းပြီး  ဆက်လက်ပါဝင်စေချင်ပါတယ်။
ဒေါက်တာဇင်မှီစံ
လက်ထောက်ကထိက၊  မြန်မာစာဌာန
အငြိမ့်အဖွဲ့ရဲ့ အုပ်ချုပ်သူ    ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် အခမ်းအနားမှာ     လာရောက်ဖျော်ဖြေရတဲ့ အတွက် အင်မတန် ဝမ်းမြောက်ဂုဏ်ယူမိပါ တယ်။ ကျွန်မတို့က  နယ်မြို့လေးဆိုပေမယ့်  တက္ကသိုလ်အားလုံးနဲ့ယှဉ်ပြီး    လမ်းပန်းခရီး ခက်ခဲတဲ့ကြားက  တစ်သက်မှာတစ်ခါ ကြုံခဲ ရတဲ့    ရာပြည့်ပွဲကို   ဖျော်ဖြေခွင့်ရတဲ့အတွက် ကြောင့်         မြိတ်တက္ကသိုလ်ရဲ့ကိုယ်စား   ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။     ကျွန်မတို့  အငြိမ့်အဖွဲ့ကိုလည်း    အားပေးကြပါဦးလို့။   အငြိမ့်အဖွဲ့က    အခုမှ     စကပြတာဆိုတော့ အတွေ့အကြုံမရှိသေးပါဘူး။ ပညာရှင်လည်း မဟုတ်ဘူး၊   ဝါသနာရှင်တွေဖြစ်တဲ့အတွက် ကြောင့်   အမှားတွေပါခဲ့သည်ရှိသော်  အကုန် လုံးကို  ချစ်သောမျက်စိနဲ့  ကြည့်ရှုဝေဖန်ပြီး လိုအပ်ချက်များကို ဖြည့်စွက်ပြောပြပေးစေချင်ပါတယ်။ဒီအဖွဲ့ကြီး ဆက်လက်တည်တံ့ အောင်    ကျွန်မအနေနဲ့      ဆက်လက်ပံ့ပိုး ကြိုးစားပါ့မယ်။ 
ဦးတင်မောင်ဝင်း
အကနည်းပြ
ဒီအငြိမ့်အဖွဲ့အတွက်  မင်းသမီးလေးတွေ ကို နည်းပြအဖြစ်    သင်ကြားပေးရပါတယ်။ မင်းသမီးတွေမှာ   ရှိသင့်တဲ့အက၊  ရွှေတံဆိပ် ဆုများရှင် တေးရေးဆရာ ဇွဲဝင့်နိုင်နဲ့ ဆရာမ မယ်မူ(ဘီအီးဒီ)တို့ ရေးသားတဲ့ သီချင်း ၁၀ ပုဒ် ကို  အကအားလုံးနဲ့   ပတ်သက်ပြီး  သင်ကြား ပေးရတာ       ဖြစ်ပါတယ်။     မြန်မာ့ရိုးရာ ယဉ်ကျေးမှုဖြစ်တဲ့   အငြိမ့်နဲ့    ပတ်သက်တဲ့ အငြိမ့်သမားစဉ်         အကအလှလေးတွေကို သေသေချာချာ       သင်ပေးထားပါတယ်။ ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲအတွက်   မြိတ် တက္ကသိုလ်ကနေ  လာရောက်ဖျော်ဖြေခွင့်ရတဲ့ အကနည်းပြတစ်ယောက်အနေနဲ့  ပံ့ပိုးကူညီ ပေးရတာ    ဝမ်းသာပီတိ     ဖြစ်မိပါတယ်။ တစ်သက်မှ တစ်ခါသာ ကြုံရတဲ့ ဒီပွဲကိုလည်း ပံ့ပိုးကူညီခွင့်ရတာလည်း အားလုံးကို ကျေးဇူး တင်ပါတယ်။
မဖြူဇင်ဦး
ဒုတိယနှစ် မြန်မာစာ
ကျွန်မက  ဒီအငြိမ့်အဖွဲ့မှာ   ခေါင်းဆောင် မင်းသမီးနေရာက ကမှာပါ။   သီချင်းငါးပုဒ်နဲ့ ကပြမှာပါ။ ကျွန်မ ကပြမယ့်   သီချင်းတွေ ကတော့ “ရတုရာချီ တက္ကသိုလ်ဆီ၊ ဖြူဇင်ဦးရဲ့ ပို့မေတ္တာ၊    မြိတ်မြို့ဆီသို့   လှမ်းလာခဲ့ပါ၊ မြေနီလမ်းက  စောင့်နေမယ်၊ ထာဝရတည်စေ သော်”တို့ ဖြစ်ပါတယ်။ ကျွန်မက ငယ်ငယ် ကတည်းက  အကဝါသနာပါတယ်။ ဆိုကရေး တီးပြိုင်ပွဲတွေမှာ    ပြိုင်ဖူးပါတယ်။    အခု လေ့ကျင့်ခဲ့တဲ့အချိန်မှာလည်း အခက်အခဲတွေ သိပ်မရှိပါဘူး။ အကောင်းဆုံးကပြဖျော်ဖြေ သွားမှာပါ။ 
မပြည့်ပြည့်မွန်
ဒုတိယနှစ် ပထဝီဝင်
ကျွန်မက     ရှေ့ထွက်မင်းသမီးအနေနဲ့ ကပြဖျော်ဖြေမှာပါ။ ကျွန်မက သီချင်းငါးပုဒ်နဲ့ ကပြဖျော်ဖြေမှာပါ။ ကျွန်မကပြဖျော်ဖြေမယ့် သီချင်းတွေကတော့    “ဂုဏ်ပြုတေးသံ၊ မော်ကွန်းတည်တဲ့ ရာပြည့်သဘင်၊ ရာပြည့်ပွဲ
မှာ ဆုံကြမယ်လေ၊ ဖိတ်ခေါ်သံ၊ ဂါရဝပန်ဆင် ဆရာသခင်”တို့   ဖြစ်ပါတယ်။ ရက် ၂၀ လောက်     လေ့ကျင့်ခဲ့ရပါတယ်။  တက္ကသိုလ် ကောလိပ်ရောက်မှ ကဖြစ်တာပါ။ အကောင်း ဆုံး   ကြိုးစားထားပါတယ်။ မြိတ်တက္ကသိုလ် အနေနဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲမှာ ပါဝင် ဖျော်ဖြေခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ 
မောင်အောင်မျိုးပိုင်
စတုတ္ထနှစ် ဘူမိဗေဒ
ကျွန်တော်က လူရွှင်တော် ကောင်းချစ် အမည်နဲ့   ဖျော်ဖြေမှာပါ။   တက္ကသိုလ် ကျောင်းသားဖြစ်တဲ့အတွက်   ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ပုံမှန်ဟာသ ၊  ပြက်လုံး ပြက်ကွက် လေးတွေကို      လူရွှင်တော်    ဆရာကြီး ဦးပေါက်ပွင့်က      အနီးကပ်သင်ကြားပေးပြီး အကောင်းဆုံး       ကြိုးစားထားပါတယ်။
ပြက်လုံးတွေအနေနဲ့ဆိုရင်       အခုခေတ် ယဉ်ကျေးမှုနဲ့   ယခင်ယဉ်ကျေးမှု နှိုင်းယှဉ် ထားတာပါမယ်။             
မြန်မာဇာတ်ထုပ်အနေနဲ့   ပါမယ်။    အငြိမ့်သမားစဉ်ရဲ့  သံချပ်လေးတွေ ရော  စုံလင်စွာနဲ့ အကောင်းဆုံး ကြိုးစားထားပါတယ်။    ကျွန်တော့်ရဲ့   တက္ကသိုလ်ကျောင်းသားဘဝမှာ မှတ်တိုင်တစ်ခုအနေနဲ့    ရာပြည့် တက္ကသိုလ်ပွဲတော်ကြီးမှာ      ပါဝင် ဖျော်ဖြေခွင့်ရတဲ့အတွက်    ဝမ်းသာ ဂုဏ်ယူမိပါတယ်။
မောင်ကျော်သန့်ဇင်
တတိယနှစ် အဏ္ဏဝါသိပ္ပံ
ပေါက်ကျိုင်းဆိုတဲ့ လူရွှင်တော် နာမည်နဲ့       ဖျော်ဖြေမှာပါ။  တက္ကသိုလ်ကျောင်းရဲ့    ဂုဏ်နဲ့အညီ      တက္ကသိုလ်ကျောင်းသားကျောင်းသူ တွေနဲ့ဆီလျော်တဲ့         ပြက်လုံးလေး တွေ၊ ရှေးယခင်ခေတ်နဲ့  ယခုခေတ် ဘယ်လို     ကွာဟချက်လေးတွေ ရှိသလဲဆိုတာ ပုံဖော်ပြတဲ့ ပြက်လုံး လေးတွေ၊  အငြိမ့်သမားစဉ်အတိုင်း သံချပ်လေးတွေ   အပျော်အပြက် ထိုးထားတာလေးတွေ၊  မင်းသမီးနဲ့   လူရွှင်တော်  အပေးအယူ မျှမျှတတ လေးနဲ့   ဆီလျော်လှပအောင်  ချပြ ထားပါတယ်။       လူရွှင်တော်တွေ တစ်ယောက်နဲ့     တစ်ယောက် ဇာတ်တိုက်ကြတဲ့အခါ      မိသားစု အတိုင်း စည်းစည်းလုံးလုံးနဲ့ ပါဝင် အားဖြည့်ပြီး     အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားပါတယ်။   ရန်ကုန်တက္ကသိုလ်    အဓွန့်ရှည် တည်တံ့ပါစေလို့     ဆုတောင်းပါ တယ်။   လာရောက်ဖျော်ဖြေရတဲ့ အတွက်လည်း    ဝမ်းလည်းသာပါ တယ်။  ပျော်လည်း  ပျော်ပါ တယ်။ 
မောင်မင်းမောင်မောင်
ပထမနှစ် ဂုဏ်ထူးတန်းမြန်မာစာ
လူရွှင်တော်     ဒိုးလုံးအနေနဲ့ ဖျော်ဖြေမှာပါ။   မြိတ်မြို့ရဲ့      ဒေသ အစားအစာဖြစ်တဲ့     ကတ်ကြေး ကိုက်၊          ထွက်ကုန်ဖြစ်တဲ့  ငှက်သိုက်၊    ပုလဲတို့အကြောင်း၊ မြိတ်စကား၊    ထားဝယ်စကားနဲ့ ရန်ကုန်စကား၊ ဗမာစကား ကွာခြား ပုံ  အငြိမ့်သမားစဉ်အရ  ပြက်လုံး လေးတွေ         ပြက်ထားတယ်။       ရာပြည့်ပွဲမှာ လာရောက်ဖျော်ဖြေ ရတဲ့အတွက်      ဝမ်းသာဂုဏ်ယူ မိပါတယ်။
မောင်ကျော်စွာဟိန်း
တတိယနှစ် အင်္ဂလိပ်စာ
ကျွန်တော်က  အငြိမ့်အဖွဲ့မှာ လူရွှင်တော် လူချောအနေနဲ့  ပါဝင် အားဖြည့်  ကြိုးစားထားပါတယ်။ လူရွှင်တော်ပြက်လုံးက တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေဖြစ်တဲ့ အတွက်  တက္ကသိုလ်နဲ့ ပတ်သက်တဲ့     ပြက်လုံးတွေ  ထည့်ထားပါတယ်။ တက္ကသိုလ်ရဲ့  ပုံရိပ်တွေပါအောင် လည်း ထည့်ထားပါတယ်။   သီချင်း တွေအနေနဲ့လည်း         ရန်ကုန် တက္ကသိုလ်  ရာပြည့်ဂုဏ်ပြုပွဲ      ဖြစ်တဲ့အတွက်ကြောင့်    ရန်ကုန် တက္ကသိုလ်ရဲ့   ပုံရိပ်တွေ  ဗဟိုပြုတဲ့ သီချင်းရေးဖွဲ့ထားပါတယ်။   မြိတ် ဒေသရိုးရာ ယဉ်ကျေးမှုတွေ၊  မြိတ် ရဲ့ ထုံးတမ်းအစဉ်အလာတွေကို   ထည့်သွင်းပြီး   သီချင်းလေးရေးထား ပါတယ်။        မင်းသမီးတွေနဲ့  ကျွန်တော်တို့    အပေးအယူမျှမျှ တတနဲ့   အကောင်းဆုံး ကြိုးစား ထားပါတယ်။    ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲက   တစ်သက်မှာတစ်ခါ  ကြုံရတာ၊ ဒီပွဲမှာ မြိတ်တက္ကသိုလ် အနေနဲ့   လာရောက်ဖျော်ဖြေခွင့် ရတာ   ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီအငြိမ့်အဖွဲ့ကို       ဆက်လက် တည်ရှိ စေချင်ပါတယ်။     ။
မြန်မာ့အလင်း