ပိန္နဲသီးကို အမှည့်ခံပြီး အသီးအနှံအဖြစ် စားကြသလို မမှည့်ခင်မှာလည်း ပိန္နဲသီးအစိမ်းကို ဟင်းလျာအဖြစ် စားကြပါတယ်။ ပိန္နဲသီးအကင်းလေးတွေကို အကွင်းလှီးပြီး အတို့အမြှုပ်အဖြစ် ပြုတ်စားကြသလို မနုမရင့် အနေတော် ပိန္နဲသီးစိမ်းကို သူ့ချည်းသက်သက်ဖြစ်စေ၊ အသားများနဲ့ ရောလို့တစ်ဖုံ အမျိုးမျိုးအစုံစုံ ချက်ပြုတ်စား