မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယမြောက်ဆင်စခန်းအဖြစ် ဝါးနက်အပန်းဖြေဆင်စခန်းဖွင့်လှစ်
မန္တလေး ၃၀ မတ်
မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယမြောက်ဆင်စခန်းအဖြစ် ဝါးနက်အပန်းဖြေဆင်စခန်းကို ပြင်ဦးလွင်မြို့ နယ် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားကားလမ်းဘေးရှိ (၅)မိုင် ၅ဖာလုံတွင် မတ်(၃၀)ရက် နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။