လှည်းကူးမြို့နယ်အတွင်းမှ သစ်ခွဲသားများ တရားမဝင်  တင်ဆောင်လာသောယာဉ် နှစ်စီးဖမ်းမိ

လှည်းကူး  ၃ ဇူလိုင်

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းတွင် သစ်ခွဲသားများ တရားမဝင် တင်ဆောင်လာသောယာဉ် နှစ်စီးဖမ်းမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီခန့်က လှည်းကူးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးတင်ထွဏ်း ဦးစီးသောအဖွဲ့သည် ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် သစ်များ တရားမဝင် သယ်ဆောင်လာကြောင်း သတင်းအရ မိုင်တိုင်အမှတ်၂၈/၁ အင်တိုင်ကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် ထောက်ကြံ့မြို့နေ အေးမင်းထွန်း မောင်းနှင်ပြီး ဖြိုးလေးလိုက်ပါလာသော ယာဉ်အား စစ်ဆေးရာ အဆိုပါယာဉ်ပေါ်တွင် ကျွန်းပါကေးတုံးအကြမ်း ၄၁၆ တုံးအား တရားမဝင် တင်ဆောင်လာကြောင်း တွေ့ရှိရသဖြင့်  သစ်တောဥပဒေအရ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

အလားတူ ယနေ့ နံနက် ၆ နာရီခွဲခန့်က ပဲခူးဘက်မှမောင်းနှင်လာသော7I/----ယာဉ်မှာ ရပ်တန့်ခိုင်းမည်ပြုစဉ် ယာဉ်မောင်းမှာယာဉ်အား ရပ်တန့်ပြီး ထွက်ပြေးလွတ်မြောက်သွားသဖြင့် ယာဉ်အား ဆက်လက်ရှာဖွေရာ အဆိုပါယာဥ်အတွင်းမှ ပျဉ်းကတိုး ခွဲသား(၁၅၃)ချောင်း၊ (၈•၃၆၆၆)တန်အား တရားမဝင်တင်ဆောင်လာကြောင်း ရှာဖွေတွေ့ရှိရသဖြင့် ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်နှင့်၊ သစ်ပိုင်ရှင်အား စုံစမ်းဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရပါသည်။

 

လူအောင်(ကသာ)