လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး Video Conferencing ဖြင့် ကျင်းပ

နေပြည်တော် ၂၅ စက်တင်ဘာ

လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများအတွက် သွားလာရေး လွယ်ကူအဆင်ပြေစေရန် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာလအတွင်း အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးနှင့် ကျေးလက်လမ်း / တံတားများ လက်ရှိဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်မှ  Video  Conferencing  ဖြင့်  ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန် လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် မိမိတို့တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုအခါ တစ်နိုင်ငံလုံးရှိ စီမံကိန်းလုပ်ငန်းခွင်များတွင် အလုပ်လုပ်နေသော အင်ဂျင်နီယာဝန်ထမ်းများ၊ လုပ်သားများအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အထူးအလေးထား လိုက်နာရန် လိုပါကြောင်း၊ မုန်တိုင်းကဲ့သို့ သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဂရုပြုဆောင်ရွက်ထားရန်လိုပါကြောင်း၊ တင်ဒါလုပ်ငန်းများဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသည့် တင်ဒါစည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို တင်ပြပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာကျော်လင်းက ယခုအခါ ဘတ်ဂျက်ပိတ်သည့် ကာလဖြစ်သည့်အတွက် မိမိတို့ တာဝန်ယူဆောင်ရွက်သော လုပ်ငန်းများ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ အချိန်မီ ပြီးစီးအောင် အထူးအလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ကတိကဝတ်ပြုထားသည့် လုပ်ငန်းများ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ ယခုအခါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားနေသည့် အချိန်ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းပူးပေါင်းပြီး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားသည်။

င်းနောက် တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန  ညွှန်ကြားရေးမှူးပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးမွန်ပြည်နယ် လမ်းဦးစီးဌာန  ညွှန်ကြားရေးမှူးကရင်ပြည်နယ် လမ်းဦးစီးဌာန  ညွှန်ကြားရေးမှူးမန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့က ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သည့် လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနှင့် အဆောက်အဦ ဦးစီးဌာနတို့မှ လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေ တို့ကိုလည်းကောင်း၊ လုပ်ငန်းခွင်များတွင် COVID - 19 ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး လုပ်ငန်းတိုးတက်မှုနှင့် ပြီးစီးမှု အခြေအနေတို့ကို  Video  Clip ဖြင့် ပြသသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆက်လက်၍ လုပ်ငန်းများ အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊ သဘာဝဘေးကြို တင်ကာကွယ်ရေးလုပ်ငန်းများ အထူးအလေးထားဆောင်ရွက်ရန် လိုပါကြောင်း၊  AC ခင်းပြီး လမ်းအပိုင်းများအား လမ်းအင်္ဂါရပ်နှင့်အညီ ပြည့်စုံအောင် ဆောင်ရွက်ထားရန် လိုပါကြောင်း၊ လုပ်ငန်းများ သတ်မှတ်အချိန်မီ  ပြီးစီးရန်နှင့် အရည်အသွေး ကောင်းမွန်ရန် လိုပါကြောင်း၊  ယခု တည်ဆောက်ပြီး တံတားများကို ပြည်သူများ အသုံးပြုနိုင်ရေး ဦးစားပေး စီစဉ်ဆောင်ရွက်ပေးရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်