လက်ရွေးစင်တောင်ပံကစားသမား ရန်နိုင်ဦး MNL ထိပ်သီးအသင်းတစ်သင်းသို့ ပြောင်းရွှေ့မည်

၆ ဧပြီ

 

ရှမ်းယူနိုက်တက်အသင်းနှင့် လမ်းခွဲခဲ့သည့် မြန်မာ့လက်ရွေးစင် တောင်ပံကစားသမား ရန်နိုင်ဦးသည် အခြား MNL ထိပ်သီးကလပ်အသင်း တစ်သင်းသို့ ပြောင်းရွှေ့ကစားမည်ဖြစ်သည်။

 

ရန်နိုင်ဦးသည် မတ် ၃၁ ရက်က ရှမ်းယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်းပြည့်ခဲ့ပြီး သက်တမ်းမတိုးဘဲ အသင်းသစ်တစ်သင်းသို့ ပြောင်းရွှေ့ကစားမည်ဖြစ်သည်။

 

ရန်နိုင်ဦးကို ခေါ်ယူရန် MNL ထိပ်သီးကလပ်အသင်းနှစ်သင်းက ခေါ်ယူရန် ကြိုးပမ်းနေပြီး ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ ရန်နိုင်ဦးသည် ရှမ်းယူနိုက်တက်အသင်းတွင် လေးနှစ်ကြာကစားပြီးနောက် အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ရာသီဝက်ကာလမှာပင် လမ်းခွဲခဲ့ခြင်း ဖြစ်သည်။

 

ရန်နိုင်ဦးသည် ရှမ်းယူနိုက်တက်အသင်းတွင် အောင်မြင်မှုများရရှိခဲ့ပြီး အမှတ်ပေးချန်ပီယံဆု နှစ်ကြိမ်၊ ရှုံးထွက်ချန်ပီယံဆု တစ်ကြိမ်ရရှိခဲ့သည်။

 

ရန်နိုင်ဦးသည် မြန်မာ ယူ-၁၉ အသင်းနှင့်အတူ ထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး မြန်မာအသင်း ပထမဆုံး ဝင်ရောက်ကစားခွင့်ရသည့် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့သူလည်းဖြစ်သည်။ ရန်နိုင်ဦးသည် မြန်မာ့လက်ရွေးစင်အသင်းတွင်လည်း ပုံမှန်ပါဝင်ခွင့်ရရှိနေသူ ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်