လက်ပံတန်းမြို့နယ်တွင် Rota Virus Vaccine ကာကွယ်ဆေးအသစ် တိုက်ကျွေးခြင်း လုပ်ငန်းအသိပေး ဆွေးနွေးပွဲ ပြုလုပ်

လက်ပံတန်း ၂၁  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် တွင် ရိုတာဗိုင်းရပ် (စ်) ကာကွယ်ဆေး အသစ်တိုက်ကျွေးခြင်းလုပ်ငန်း  အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ် ၂လမ်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

1

 

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းက ကာကွယ်ဆေး အသစ်တိုက် ကျွေးခြင်း လုပ်ငန်းနှင့်ပတ်သတ်၍ အသိပေးဆွေးနွေး ပြောကြားရာ အဆိုပါ ကာကွယ်ဆေးသည် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ဆေးဖြစ်ကြောင်းနှင့် ရောဂါကူးစက်ပုံ၊ ကာကွယ်ကုသပုံနှင့် ကာကွယ်ဆေး တိုက်ကျွေးရမည့် အချိန်တို့ကို အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ဆရာဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဆွေးနွေပြောကြားခဲ့သည်။ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးအသစ်အား ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီလတွင် စတင်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင် ၊ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဝင့်နန္ဒာဌေး