လက်ဘနွန်ဆိုင်ရာ ဖိလစ်ပိုင်သံအမတ် COVID 19 ရောဂါဖြင့် သေဆုံး

၅ ဧပြီ

 

လက်ဘနွန်ဆိုင်ရာ ဖိလစ်ပိုင်သံအမတ် ဘတ်နတ်ဒီတာ ကတ်တာလာ ဟာ  COVID 19 ရောဂါဖြင့် လက်ဘနွန် မှာကြာသပတေးနေ့က သေဆုံးကြောင်း သိရပါတယ်။

 

ကတ်တာလာဟာ လက်ဘနွန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား ထောင်နဲ့ချီတဲ့ အိမ်အကူတွေကို နိုင်ငံပြန်ပို့ပေးရေး ပြီခဲ့တဲ့ လပိုင်းတွေက တက်တက်ကြွကြွ ဆောင်ရွက်နေသူဖြစ်ပါတယ်။

 

လက်ဘနွန်နိုင်ငံမှာ ငွေကြေးမတည်ငြိမ်မှုကြောင့် နိုင်ငံခြားတိုင်းပြည်တွေကနေ အိမ်အကူ လာရောက်လုပ်ကိုင်သူတွေအပေါ် အကြီးအကျယ် အကျိုးသက်ရောက်ခဲ့ပါတယ်။ အိမ်အကူတွေဟာ မိခင်နိုင်ငံကို ငွေကြေးပြန်မပို့နိုင်တဲ့အပြင် အသွားအလာတွေကိုပါ ထိန်းချုပ်ခံလာခဲ့ပါပါတယ်။

 

ကတ်တာလာ အပါအဝင် လက်ဘနွန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါ ဖြင့်သေဆုံးသူ ၁၇ ဦးရှိပြီး ရောဂါကူးစက်ခံရသူ ၅၂၀ ဦးရှိကြောင်း ဧပြီ ၅ ရက်နေ့ထုတ်ပြန်တဲ့ သတင်းအရ သိရပါတယ်။

 

လက်ဘနွန် အစိုးရက ညနေ ၇ နာရီကနေ နံနက် ၅ နာရီအထိ ကာဖျူးထုတ်ပြန်ထားကြောင်း၊ ဒေသဆိုင်ရာတွေမှာလည်း တင်းကျပ်တဲ့ စည်းမျဉ်းတွေ ရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား -AFP