လိုင်လင်းပီမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော(၂)နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်

လိုင်လင်းပီ  ၁၀ စက်တင်ဘာ                      
     

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ  ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော(၂)နှစ်အောက်ကလေးသူငယ်များအား လစဉ်ထောက်ပံ့ပေးသော ငွေကြေးအထောက်အပံ့ပေးအပ်ခြင်းကို ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ လိုင်လင်းပီမြို့၊ MTP Hall ၌  ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ကြသည်။
     

ယင်းထောက်ပံ့ငွေသည် တစ်လလျှင် ငွေကျပ် ၁၅၀ဝ၀ နှုန်းဖြင့်  နှစ်လတစ်ကြိမ် ပေးအပ်ခြင်းဖြစ်ပြီး ယခုထောက်ပံ့ငွေမှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လအတွက် နှစ်လစာပေါင်းအဖြစ် တစ်ဦးလျှင် ကျပ် ၃၀ဝ၀ဝ စီပေးအပ်ကြကြောင်းသိရသည်။
     

အဆိုပါထောက်ပံ့ငွေများကို လိုင်လင်းပီမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ယခုအကြိမ်ထောက်ပံ့ငွေရရှိသူပေါင်း(၁၅၃)ဦးရှိကြောင်း သိရသည်။


လိုင်လင်းပီ (ပြန်/ဆက်)

 

 

1