လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ပထမသုံးလပတ် လူမှုရေးပင်စင်များ ပေးအပ်

လွိုင်ကော်  ၊ ၂၃  ဇန်နဝါရီ 

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် ထောက်ပံ့ကြေး ခံစားနေရသည့် အဘိုးအဘွားများအား လူမှုရေးပင်စင်ပုံမှန် ကျပ်သုံးသောင်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ် ဒေါပေါ်ကလဲကျေးရွာအုပ်စုနှင့် နိုးကိုးကျေးရွာအုပ်စုတို့၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်း ၊ ကယားပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့် ၊ လွိုင်ကော်ခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်တင်မာဝင်း ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူတို့က အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ထောက်ပံ့ငွေကျပ်သုံးသောင်းကို ဒေါပေါ်ကလဲကျေးရွာ အုပ်စု အတွင်းရှိ ဘာဒိုကျေးရွာနှင့် ထေးဌားလျားခန်းမဆောင်တွင်လည်းကောင်း ၊ နိုးကိုးကျေးရွာအုပ်စုအတွင်းရှိ ဒေါစဲကျေးရွာတွင်လည်းကောင်း နေအိမ်များသို့ သွားရောက်ပေးအပ်ခဲ့သည်။

လွိုင်ကော်ခရိုင်းအတွင်းရှိ မြို့နယ် (၄) မြို့နယ်တွင် အဘိုး(၃၀၄)ဦးနှင့် အဘွား(၄၇၅)ဦး စုစုပေါင်း အဘိုးအဘွား (၇၇၉) ဦးအတွက်ထောက်ပံ့မည့်ငွေမှာ ငွေကျပ် ၂၃၃၇၀၀၀၀ ဖြစ်ပြီး ၊ အသက်(၁၀၀)နှစ်နှင့်အထက် အဘိုးအဘွား  (၃၁) ဦးအတွက် ထောက်ပံ့ပေးမည့်ငွေမှာ ငွေကျပ် ၉၃၀၀၀၀  ဖြစ်ကြောင်းသိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)