လွိုင်ကော်မြို့နယ် ပီကင်းကောခူကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သော စာသင်ကျောင်း ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများ ပြီးစီး

လွိုင်ကော်    ၂၆  စက်တင်ဘာ   

 

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သည့် ပီကင်းကောခူကျေးရွာ စာသင်ကျောင်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား စက်တင်ဘာ ၂၆ ရက်က ခရိုင်ဦးစီးမှူး ဦးသောင်းမြင့် ၊ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်နှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့သည်။

 

ပီကင်းကောခူ ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သိန်း ၁၅၀ နှင့် စာသင်ကျောင်း ခြံစည်းရိုးမှာ အရှည်ပေ ၈၃၀၊ အမြင့် ၅ ပေ ရှိပြီး ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာနမှ နည်းပညာပံ့ပိုးပြီး ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင်တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ စာသင်ကျောင်းခြံစည်းရိုး ပြီးစီးသွားခြင်းကြောင့် ကျောင်းသား၊ကျောင်းသူများ လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုစိုင်း(လွိုင်ကော်)