လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး၊ နှစ်ထပ်ဈေး၊ နောင်ယားဈေး တို့တွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

လွိုင်ကော်    ၅   ဧပြီ

 

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး ၊ နှစ်ထပ်ဈေး ၊ နောင်ယားဈေး တို့တွင် ဧပြီလ ၅ ရက်နေ့ ၊ နံနက် ၉ နာရီမှ စတင်ပြီး လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ရှိသူများ ၊ ဖေးကူလက်များပရဟိတ ၊ လင်းမေတ္တာပရဟိတ ၊ ဝစ္စကုဋီပရဟိတအဖွဲ့ နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က ၊  ဈေးအတွင်း ၊ ဈေးအပြင် ၊ လမ်းမများ ၊  ဈေးဆိုင်ခန်းတို့အား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ဈေးပိတ်ရက်တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

21

 

ထွန်းလေး(ပြန်/ဆက်)