လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်လှစ်

လွိုင်ကော် ၁၆ ဖေဖော်ဝါရီ

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဒေသဆိုင်ရာ ဦးစီးကော်မတီဥက္ကဋ္ဌ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နီပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)၊ စီမံကိန်းဒေသဒါရိုက်တာ ဒေါ်အေးအေးသန့် မှ စာသင်ကျောင်းဆောင် ဆောက်လုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အဆိုပါ ကျောင်းဆောင်သစ်ကို နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ ပံ့ပိုးကူညီမှု၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

 

ကျောင်းဆောင်သစ်သည် ပေ(၁၂၀×၃၀) ဖြစ်ပြီး စုစုပေါင်း (၇၄၉ ဒသမ ၈၂၀၅) သိန်းကုန်ကျကာ နီပွန်ဖောင်ဒေးရှင် (စေတနာ) အဖွဲ့မှ (၆၂၈ ဒသမ ၅၆၄၀၅) သိန်းပါဝင်ပြီး ဒေသခံ ပြည်သူများမှ (၁၂၀) သိန်း ထည့်ဝင်ပံ့ပိုးခဲ့ကြောင်း သိရှိရသည်။

 

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်၀န်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ထွန်းလေး