လှိုင်းဘွဲမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေး အသိပညာပေး

လှိုင်းဘွဲ     ၉      ဇူလိုင် 

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆရာ/မ များအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေး အသိပညာပေးခြင်းကို ယမန်နေ့က အခြေခံပညာ အထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၊ မူလွန်(၁)၊မူလွန်(၃)ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ကျန်းမာရေးမှူး ၊ ဒေါ်မျိုးမမစိုးနှင့် ဒေါ်ချိုချိုဝင်း၊ ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်မြင့်မြင့်ဝင်းတို့က ဆရာ/မ များအား ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ရောဂါကူးစက်နိုင်သည့် အခြေအနေ၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊စနစ်တကျတပ်ဆင်ရန်၊ စနစ်တကျ လက်ဆေးနည်း၊ ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းတာရာတွင် စနစ်တကျရှိစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အာဟာရပြည့်ဝသော အစားအစာများ စားသုံးပေးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)