လှိုင်းဘွဲမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်စေရေး ဘိုကာရှီမြေဆွေး ပြုလုပ်နည်း လက်တွေ့သရုပ်ပြ

လှိုင်းဘွဲ     ၁၅    ဇူလိုင်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိရေးအတွက် Super EM ဘိုကာရှီမြေဆွေး ပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့က သမ္ဘာန်ကျေးရွာ တောင်သူအသိပညာပေးစခန်း၌ ဆောင်ရွက်သည်။

 

အဆိုပါကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်ဝင်းက တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ စိုက်ပျိုးနည်းပညာများကို ရရှိလာပြီး အသုံးချတတ်စေရန်၊ ကောင်းမွန်သော စိုက်ပျိုးနည်းစနစ်များကို တီထွင်ဖန်းတီးတတ်လာစေရန် ပြောကြားပြီး ခရိုင်မြေအသုံးချရေး တာဝန်ခံ ဒေါ်ကြည်ကြည်ဝင်းက Super EM ဘိုကာရှီ မြေဆွေး အသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဘိုကာရှီမြေဆွေး ပြုလုပ်နည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)