လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကို ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်

၁၃ အောက်တိုဘာ

 

ONE ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်၏ ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ၊ ဖိုးသော်၏ စိန်ခေါ်ပွဲ ပါဝင်ပြီး ONE Championship က ကြီးမှူးကျင်းပမည့် 100 Century အမည်ရ MMA ပြိုင်ပွဲကို ယနေ့ အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

 

1

 

ဒုတိယပိုင်းတွဲဆိုင်းများကို မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် စတင်ကျင်းပခဲ့ရာ နောက်ဆုံးတွဲဆိုင်းအဖြစ် အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို  ဘရန်ဒန်ဗီရာ (ဖိလစ်ပိုင်) နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အောင်လအန်ဆန်က ဒုတိယ အချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သည်။

 

1

 

မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲက စတင်ကျင်းပခဲ့သည့် ပထမပိုင်း တွဲဆိုင်းများတွင် မြန်မာဖိုက်တာ ဖိုးသော်၏ တွဲဆိုင်းမှာ နံနက်ပိုင်းတွင် ပါဝင်ခဲ့ပြီး ကိုရီးယားဖိုက်တာ ယွန်ချောင်မင်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ၌ ယွန်ချောင်မင်၏ ချုပ်ကွက်မိသွားပြီး ပထမအချီမှာပင် ရှုံးနိမ့်ခဲ့ရသည်။

 

1

 

ONE Championship သည် ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၂၀ ကျော် ထည့်သွင်းကျင်းပခဲ့ပြီး နံနက်ပိုင်းတွင် Part-1၊ ယခုညနေပိုင်းတွင် Part-2 ခွဲကာ ကျင်းပခဲ့ခြင်းဖြစ်သည်။

 

MDN