လိပ်သိုမြို့တွင် ဂေဘားကရင်နှင့် စကောကရင်စာပေသင်ရိုးသစ် ဆရာဖြစ် သင်တန်းဖွင့်လှစ်

လိပ်သို ၉  ဇူလိုင်

 

လိပ်သိုမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကရင်ပြည်နယ် ပညာရေးမှူးရုံး၏ လမ်းညွှန်မှု၊ လိပ်သိုမြို့ ဂေဘားကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဂေဘားကရင်နှင့် စကော ကရင် စာပေသင်ရိုးသစ် ဆရာဖြစ်သင်တန်းကို လိပ်သိုမြို့ အ.ထ.က ကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေဝင်းမြင့်မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး လိပ်သိုမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံမှ တာဝန်ခံ ဒေါက်တာဇေယျာဦးက သင်တန်းကို အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသော ကျန်းမာရေး လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ပြောကြားသည်။

 

ထို့နောက် သံတောင်ကြီးမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ကိုယ်စားလှယ် ဆရာမ နော်မေးလ်ထာ က မိမိတို့၏ ရိုးရာ ယဉ်ကျေးမှု စာပေများကို ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ ရိုးရာ ယဉ်ကျေးမှုများကို နောင်လာ နောက်သားများ သိစေရန် ရည်ရွယ်ကြောင်းရှင်းလင်းပြောကြားသည်။

 

ဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးစောဂျေ အေဝင်းမြင့်၊ သံတောင်ကြီးမြို့နယ် ပညာရေးမှူး ဒေါ်အေးသက်မော်၊ ကရင်ပြည်နယ် အမျိုးသားမျိုးနွယ်စုများအသင်းမှ အတွင်းရေးမှူး ဒေါ်နန်းမြင့်တင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဦးမိုင်းညီသောင်းစိန်တို့ နှင့်အတူ ဆရာဖြစ် သင်တန်းမှ ဆရာ၊ ဆရာမများ စုစုပေါင်း (၉၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ဇူလိုင် ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နွယ်နွယ်ခိုင်(ပြန်/ဆက်)

 

mdn