လီယိုနာဒိုဒီကာပရီယိုနဲ့တွဲကာ ဓာတ်ပုံရိုက်ခဲ့တဲ့ လီဂျန်ဂျယ်

နိုဝင်ဘာ ၁၂

တောင်ကိုရီးယားမင်းသား လီဂျန်ဂျယ်ဟာ Squid Game ဇာတ်လမ်းတွဲ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဆောင်တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာသူဟာ လော့စ်အိန်ဂျလိစ်မှာ ရောက်ရှိနေပြီး အဲဒီမှာဟောလိဝုဒ်ကြယ်ပွင့် လီယိုနာဒိုဒီကာပရီယိုနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံကို လက်ရှိမှာ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

လီဂျန်ဂျယ်ဟာ နိုဝင်ဘာ ၆ ရက်က ပြုလုပ်ခဲ့တဲ့ LACMA Art and Film Gala အခမ်းအနားတက်ရောက်စဉ် ဓာတ်ပုံအတူရိုက်ကူးခဲ့တာပါ။ ယင်းဓာတ်ပုံကို လီဂျန်ဂျယ်က နိုဝင်ဘာ ၉ ရက်မှာ သူ့ရဲ့အင်စတာ ဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ ယင်းဓာတ်ပုံနဲ့အတူ စာသားတစ်စုံတစ်ရာ ရေးသားဖော်ပြခဲ့ခြင်းတော့ မရှိပါဘူး။

တောင်ကိုရီးယားရဲ့ အောင်မြင်တဲ့ ဇာတ်လမ်းတွဲ ရုပ်ရှင်တစ်ခုဖြစ်တဲ့ Squid Game အတွက် ဒုတိယရာသီသစ်အတွက် ဖန်တီးရိုက်ကူးဖို့ရာ အစီအစဉ်ရှိကြောင်း ယင်းဇာတ်လမ်းတွဲကို ရိုက်ကူးပုံဖော်ခဲ့သူ ဒါရိုက်တာ ဟွမ်ဒေါင်သော့က ပြောကြားခဲ့တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ 

နိုဝင်ဘာ ၈ ရက်က လော့စ်အိန်ဂျလိစ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဘွမ်ဒေါင်ဟေ့က Squid Game ရာသီသစ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့တာပါ။

နိုင်ငံတကာပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ အောင်မြင်မှုတွေရရှိခဲ့တဲ့ အဆိုပါဇာတ်လမ်းတွဲအတွက် ဒုတိယမြောက်ရာသီကို ဖန်တီးမှာဖြစ်ကြောင်း ဟွမ်ဒေါင်ဟော့က ကတိပြု ပြောကြားခဲ့ပါတယ်။’

အေးပြည့်