လီဆူးတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း ရုံးသစ်ဖွင့်ပွဲ၊ ဆိုင်းဘုတ်တင်ပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ

မန္တလေး ၂  အောက်တိုဘာ       

 

လီဆူးတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်း ရုံးသစ်ဖွင့်ပွဲ၊ ဆိုင်းဘုတ်တင်ပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို အောက်တိုဘာလ ၂ရက်နေ့ နံနက်(၉)နာရီက အောင်မြေ သာစံမြို့နယ်၊ ၆၂လမ်း၊ ၁၆လမ်းနှင့်၁၇လမ်းကြား၊ဒေါနဘွား နန်းရှေ့ တွင် ကျင်းပသည်။

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦး၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားများ ဥက္ကဌ ဦးနိုင်မောင်မြင့်၊ လီဆူးစာပေနှင့် ယဉ်ကျေးမှုအသင်းမှ နာယက သဒ္ဓမ္မဇောတိကဓဇ ဦးအောင်သိန်း၊ လီဆူးစာပေနှင့် ယဉ်ကျေးမှုမှ ဆရာဦးမျိုးမြင့်၊ မန္တလေးတိုင်းဒေသကြီး လီဆူးစာပေနှင့် ယဉ်ကျေးမှုအသင်း ဒုဥက္ကဌ ဦးတင်ဆွေတို့က ရုံးသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

အခမ်းနားကို တိပိဋကသန္တာဝါသစာသင်တိုက် ဓမ္မာရုံတွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ လီဆူးတိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာအကဖြင့် ကပြဖျော်ဖြေ၍ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က အဖွင့်အမှာစကားပြောကြားပြီး လီဆူးစာပေနှင့် ယဉ်ကျေးမှုနာယက သဒ္ဓမ္မဇောတိကဓဇ ဦးအောင်သိန်းက ရုံးခန်းဖွင့်လှစ်ရခြင်းနှင့် ဆိုင်းဘုတ်တင်ခြင်း အကြောင်း ရှင်းလင်းပြောကြားကာ စာပေနှင့်ရိုးရာယဉ်ကျေးမှု အသင်းဒုဥက္ကဌ ဦးတင်ဆွေက ကျေးဇူးတင်စကားပြောသည်။ ထို့နောက် တိပိဋကသန္တာဝါသ စာသင်တိုက်မှ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆက်ကပ် လှူဒါန်းမှုများ ပြုလုပ်သည်။

 

8

 

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားအစုအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

တင်ဇာလှိုင် (ပြန်/ဆက်)