လောက်ကိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ နှာခေါင်းစည်း၊ အပူချိန်တိုင်းကိရိယာနှင့် လက်ဆေးဘေစင်များ လှူဒါန်း

လောက်ကိုင် ၁၃ ဇူလိုင်

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းများသို့ နှာခေါင်းစည်း၊ အပူချိန်တိုင်းကိရိယာနှင့် လက်ဆေးဘေစင်များ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက  အထက(၁) ကျောင်း၌ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန် က အခြေခံပညာကျောင်း များသို့ နှာခေါင်းစည်း၊ အပူချိန်တိုင်းကိရိယာနှင့် လက်ဆေးဘေစင်များ လှူဒါန်းပေးအပ်ခြင်းနှင့် ပက်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်၊ အလုပ်အမှုဆောင်ကော်မတီဝင် ဦးဝေဆန်း၊ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များက အခြေခံပညာကျောင်းများသို့ နှာခေါင်းစည်း ၅၅၀၀ ခု၊ အပူချိန်တိုင်း ကိရိယာ ၆ ခုနှင့် လက်ဆေးဘေစင် ၁၆ ခုတို့အား လှူဒါန်းပေးအပ်ရာ လောက်ကိုင်မြို့ အထက-၁၊ အထက-၂၊  တာရွှေထန်ကျေးရွာ အထကနှင့် ချင်းရွှေဟော်မြို့ အထကကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများက အသီးသီး လက်ခံရယူခဲ့ကြသည်။

 

အအခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ ဆရာများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

 

ဇော်ဇော်အောင်(ပြန်/ဆက်)