လောက်ကိုင်မြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော် ၂ ဇွန်

 

ယနေ့ မြန်မာစံတော်ချိန် ၈နာရီ၊ ၁၄ မိနစ်၊ ၉ စက္ကန့်တွင် သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၁၁၄)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (လောက်ကိုင်မြို့၏ အနောက်မြောက်ဘက် (၂၂)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၈၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၄၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

MDN

 

Crd > မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန