လစ်ဗျားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ခြောက်ဦး ပြန်လည်ကောင်းမွန်လာ

၉ ဧပြီ

 

လစ်ဗျားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ခြောက်ဦး ပြန်လည်ကောင်းမွန်လာကြောင်း ကုလသမဂ္ဂကျောထောက်နောက်ခံ လစ်ဗျားအစိုးရ၏ ရောဂါထိန်းချုပ်ရေး အမျိုးသား စင်တာ က ယမန်နေ့က ပြောကြားခဲ့သည်။

 

မစ်ဆုရာတာမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာအပါအဝင် ယင်းလူနာနှင့်ဆက်စပ်မှုရှိသည့် လူနာများ ပြန်လည်ကောင်းမွန်လာသည်ဟု ထိုစင်တာက ဆိုသည်။

 

လစ်ဗျားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၂၁ ဦးရှိပြီး တစ်ဦးသေဆုံးခဲ့သည်။

 

မတ်လ ၂၄ ရက် နေ့တွင် ဗိုင်းရပ်စ်ကူးစက်ခံရမှု ပထမဆုံးဖြစ်ပွားခဲ့ပြီး ဧပြီ ၈ ရက်နေ့တွင် ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှုဖြစ်ပွားခဲ့သည်။

 

လစ်ဗျားအစိုးရသည် ကိုဗစ်-၁၉ ပြန့်ပွားမှု ထိန်းချုပ်သည့် အစီအမံများ ဖြစ်သော လေဆိပ် ပိတ်ခြင်း၊ နယ်စပ်ဖြတ်ကျော်မှုများ၊ ဗလီများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ မြို့ကြီးများအကြား လူစုလူဝေးများပြုလုပ်ခြင်း နှင့်လှုပ်ရှားသွားလာမှုများကို ပိတ်ပင်ခြင်း တို့ အပါအဝင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ချမှတ်ခြင်း တို့ကို လုပ်ဆောင်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို