လဲချားတွင် ကျေးရွာများအရောက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

လဲချား   စက်တင်ဘာ  ၁၅

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ပန်ဆန်းကျေးရွာအုပ်စုနှင့် မြို့မကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများမှ ပန်ဆန်းကျေးရွာအုပ်စု (နောင်လိုင်)ကျေးရွာ ပန်းခင်းပရဟိတ လူငယ်များအဖွဲ့နှင့် ပူးပေါင်း၍  နိုင်ငံသားစိစစ်ရေးကတ် (၁၀၇)ကတ်ကိုဆောင်ရွက်ပေးခဲ့ပြီး မြို့မအုပ်စု အတွင်းရှိ (ဟိုနောင်လုံ၊ ဟိုနောင်အွမ်၊ ဟိုရင်) ကျေးရွာများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ပြုလုပ်ပေးနိုင်ရန်အတွက် ရှေ့ပြေးလျှောက်လွှာများ ဖြန့်ဝေပေးခြင်းကို ပန်းခင်းပရဟိတလူငယ်များအဖွဲ့မှ အဖွဲ့(၃)ဖွဲ့ခွဲ၍ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ စတင်၍ နိုင်ငံသားစိစစ်ရေးကတ်များကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

လွှမ်းသူနောင် (လဲချား)