လဲချားမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၁၃  ဒီဇင်ဘာ

 

ဒီဇင်ဘာ ၁၂ ရက် ညနေ ၆ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လဲချားမြို့နယ်၊ ဟိုနောင်လုံကျေးရွာအနီး တောလမ်းတွင် ဇော်မင်းဦး(ခ) အိုက်စိုင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၁၅ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ လဲချားမြို့နယ်၊ ဟိုဖိုင်ကျေးရွာနေ မနန်းအေးလိတ်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၂၀ နှင့် ဘိန်းစိမ်း သုည ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ဇော်မင်းဦး(ခ) အိုက်စိုင်း၊ မနန်းအေးလိတ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား