လဲချားမြို့နယ် ဟိုနောင်အွမ်ကျေးရွာ၌  ဟင်းသီးဟင်းရွက် ပျိုးပင်၊ မျိုးစေ့နှင့် မြေသြဇာများဖြန့်ဝေ

လဲချား  ၆ ဇွန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ဟိုနောင်အွမ်ကျေးရွာရှိပြည်သူများ မိမိနေအိမ်ပတ်ဝန်းကျင်၌ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးစားသောက်နိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်၊ မျိုးစေ့နှင့် မြေသြဇာများကို ယနေ့ နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

ထိုသို့ဖြန့်ဝေရာတွင် အိမ်ထောင်စု (၁၄၀)အတွက် ဖရုံမျိုးစေ့ အထုပ် ၆၀ ၊ ဖရုံပျိုးပင် ၆၀ ပင်၊ ပဲတောင့်တိုမျိုးစေ့ အထုပ် ၆၀၊ ဆီမုန်ညှင်းမျိုးစေ့ အထုပ် ၇၀၊ ပန်းဂေါ်ဖီမျိုးစေ့ ၄၅ ထုပ်၊ ခဝဲမျိုးစေ့ အထုပ် ၃၀ ၊ ရုံးပတီမျိုးစေ့ အထုပ် ၃၀ တို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ပြီး စိုက်ပျိုးနည်းပညာများကို ပြောကြားခဲ့သည်။

 

အဆိုပါ ဟင်းသီးဟင်းရွက်မျိုးစေ့များကို မြို့နယ်အတွင်းရှိကျေးရွာများအား ပဥ္စမအကြိမ်မြောက် ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)