လာအို-ထိုင်းနယ်စပ်တွင် ပြင်းအား ၆ ဒသမ ၁ ပမာဏရှိ ငလျင်လှုပ်ခတ်

၂၁ နိုဝင်ဘာ

လာအို-ထိုင်းနယ်စပ်တွင် ယနေ့အစောပိုင်းက  ပြင်းအား ၆ ဒသမ ၁ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်းနှင့် အဆောက်အဦးများ ပျက်စီးကြောင်း ဖော်ပြခဲ့သည်။

ထိုင်းနယ်စပ်အနီး လာအိုအနောက်မြောက်ပိုင်းရှိ တောင်တန်းဒေသတစ်ခုကို ငလျင်လှုပ်သွားသည်ဟု အမေရိကန် ဘူမိဗေဒလေ့လာဆန်းစစ်ရေးအဖွဲ့က ဆိုသည်။

အမေရိကန် ဘူမိဗေဒလေ့လာဆန်းစစ်ရေးအဖွဲ့ ခန့်မှန်းချက်အရ ထိုတုန်ခါလှုပ်ခတ်မှုမှာ အနက် ၁၀ ကီလိုမီတာရှိကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း နန်ပြည်နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်းတွင် မျက်နှာကျက် တစ်ပိုင်း ပြိုကျခဲ့သည်။ ထိုနံရံများတွင်လည်း အက်ကြောင်းများတွေ့ရှိခဲ့သည်။

ထိုငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရသူများသတင်းဖော်ပြချက်မရှိဟု ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။

လာအိုနိုင်ငံမြောက်ပိုင်း ရှရာဘူရီ ရှိ စက်ရုံတစ်ရုံတွင် နံရံတစ်စိတ်တစ်ပိုင်း ပြိုကျခဲ့သည်။ ထိုင်းနှင့်လာအို နိုင်ငံတို့၏ နေရာတော်တော်များများတွင် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ငလျင်ဗဟိုချက်မှ ၆၀၀ ကီလိုမီတာအကွာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရှိ  ၂၁ ထပ်အဆောက်အဦတစ်လုံးတွင် မျက်နှာကျက်မီးတစ်လုံးမှာ တစ်မိနစ်ခန့် ယိမ်းယိုင်သွားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို