ကယားပြည်နယ်အတွင်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား Facility Quarantine ဆောင်ရွက်ထားရှိ

လွိုင်ကော် ၃၀  မတ် 

ကယားပြည်နယ်အတွင်း ပြည်ပမှပြန်လည်ဝင်ရောက်လာသူများအား ခရိုင်နှင့် မြို့နယ်အသီးသီး၏ စစ်ဆေးရေး ဂိတ် များတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် စောင့်ကြည့်ပြီး ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်ကာကွယ် ကုသနိုင်ရန် အတွက် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (Facility Quarantine) ဆောင်ရွက်လျက်ရှိပါသည်။

ကယားပြည်နယ်အတွင်း ပြည်ပမှပြန်လည်ဝင်ရောက်လာသူများအား Facility Quarantine ဆောင်ရွက်ထားရှိမှု အခြေအနေမှာ မတ်လ ၂၉  ရက် ညနေ ၄ နာရီထိ လွိုင်ကော်မြို့နယ်ရှိ သာသနာ့ဗိမာန်တွင် (၉၈) ဦး၊ အား/ကာ သိပ္ပံတွင် (၁၁၀) ဦး ၊ သူနာပြု/သားဖွား သင်တန်းကျောင်းတွင် (၇၅) ဦး ၊ ဒီးမော့ဆိုမြို့နယ်ရှိ ဒီးမော့ဆို အ.ထ.က ကျောင်း တွင် (၃၅) ဦး ၊ နန်းမယ်ခုံ အ.ထ.က ကျောင်းတွင် (၇၄) ဦး ၊ ပန်ပက် အ.လ.ကကျောင်း တွင် (၆၅) ဦး ၊ ဒေါတမကြီး အ.ထ.က(ခွဲ) ကျောင်းတွင် (၃၇) ဦး ၊ အင်ကုန်း အ.ထ.ကကျောင်း တွင် (၁၈) ဦး ၊ လေးမိုင်မြေနီကုန်း အ.ထ.က (ခွဲ) ကျောင်းတွင် (၉) ဦး ၊ ဖရူဆိုမြို့နယ်ရှိ မြို့နယ်ခန်းမတွင် (၂၂) ဦး ၊ လောဘူးဒါး အ.လ.က (ခွဲ) ကျောင်း တွင် (၁၈) ဦး ၊ ရှားတောမြို့နယ်ရှိ ရှားတောအ.ထ.က ကျောင်းတွင် (၂၄) ဦး ၊ ဘောလခဲမြို့နယ်ရှိ မြို့နယ်ခန်းမတွင် (၃) ဦး ၊ ဖားဆောင်းမြို့နယ်ရှိ ဖားဆောင်း အ.ထ.ကကျောင်း တွင် (၁) ဦး ၊ လိုခါးလို ကြယ်ဖြူခန်းမတွင် (၆) ဦး ၊ မယ်စဲ့မြို့နယ်ရှိဆေးရုံတွင် (၆)ဦးစုစုပေါင်း(၆၀၁)ဦး ရှိကြောင်း သတင်းရရှိသည်။


ထွန်းလေး (ပြန်/ဆက်)