ကျုံပျော်မြို့၊တေဇရပ်ကွက်ရှိ ချို့တဲ့အိမ်ထောင်စုများကို စုပေါင်းလှူဒါန်း 

ကျုံပျော်  ၂၆  စက်တင်ဘာ

 

ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ချို့တဲ့အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ရပ်ကွက်အတွင်းရှိ အလှူရှင်များစုပေါင်းကာ လှူဒါန်းမှုပြုလုပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် ၊ တေဇရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၌ ယနေ့ နံနက်ပိုင်းက  ပြုလုပ်သည်။

 

mdn

 

အဆိုပါ လှူဒါန်းမှုကို တေဇရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမိုး ဦးဆောင်ကာ ရပ်ကွက်အတွင်းရှိ အလှူရှင်များ ဖြစ်သော ဒေါ်ပေါက်၊ ဆရာဦးစိုးပိုင်၊ ဇေယျာတည်းခိုခန်း၊ မန်းစောကပေါ၊ ငြိမ်း စိုက်ပျိုးရေး ဆေးဆိုင်၊ သူနာပြုဆရာမ ဒေါ်စိန်သန်းကြည်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့မှ စုပေါင်းလှူ ဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။

 

လှူဒါန်းသည့် ပစ္စည်းများမှာ ဆန်၊ ဆီ၊ ကြက်သွန် တို့ပါဝင်ပြီး အိမ်ထောင်စု (၇၅) စုတို့အား အသီးသီးခွဲဝေ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

 

နေဝင်းမြင့်(ကျုံပျော်)