ကျုံးနှစ်ပတ် စက်ဘီးစီးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ (၂၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား အမျိုးသမီး ကျုံးနှစ်ပတ် စက်ဘီးစီးပြိုင်ပွဲကို ယနေ့  နံနက် ၆ နာရီခွဲက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

ပြိုင်ပွဲတွင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ပြီး စည်ပင်သာယာဌာန (၁၄) ခုမှ အမျိုးသား၊ အမျိုးသမီး စက်ဘီးစီး အားကစားသမားများ အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် စက်ဘီးစီး အားကစားသမားများအား မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)