ကွတ်ခိုင်နှင့် နောင်ချို မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော်  ၂၈  အောက်တိုဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီတွင် ကွတ်ခိုင်မြို့နယ်၊ ဟိုနမ့်ကျေးရွာနေ လီရှောက်ခမ်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ကိုလည်းကောင်း၊ အလားတူ အောက်တိုဘာ ၂၇ ရက် ညပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊  အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေး ကားလမ်းတွင် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာခရီးသည် မခင်ညိုထံမှ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၀၀၀ ၊ မမိုးမိုး ထံမှ စိတ်ကြွရူး သွပ်ဆေးပြား ၁၂,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)