ကသာမြို့နယ်အတွင်း ပိုင်ရှင်မဲ့ယာဉ်တစ်စီး လမ်းဘေး ထိုးကျ   

ကသာ  ၁၀  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ကသာ-ထီးချိုင့်သွားကားလမ်း၊ သိမ်အင်းကျေးရွာ အနီးတွင် ပိုင်ရှင်မဲ့ယာဉ်တစ်စီး လမ်းဘေးထိုးကျနေကြောင်း သိရသည်။

 

ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် ကသာမြို့မရဲစခန်းမှ ဒုရဲအုပ်ငွေမိုး ဦးစီးသောအဖွဲ့သည် ပိုင်ရှင်မဲ့ယာဉ်တစ်စီး လမ်းဘေးထိုးကျနေကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကသာ-ထီးချိုင့်သွား ကားလမ်းမိုင်တိုင် အမှတ် ၅၆ နှင့် ၅၇ ကြား သိမ်အင်းကျေးရွာအနီးတွင် ဟွန်ဒါဖစ်အမျိုးအစား ယာဉ်သည်သော့တန်းလန်းဖြင့် လမ်းဘေးထိုးကျနေပြီး ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါသူများကို နီးစပ်ရာ ပတ်ဝန်ကျင်အား စုံစမ်းမေးမြန်းသော်လည်း ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူများ စုံစမ်းမရသဖြင့် ကသာမြို့မရဲစခန်းမှ ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်းအား ဖမ်းမိရေးအတွက် နီးစပ်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)