ကသာခရိုင်တွင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက် (၂၅ )နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ထီးချိုင့်   ၂၉   ဧပြီ

 

၂၀၁၉ ခုနှစ်၊ ကသာခရိုင် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် ထီးချိုင့်မြို့နယ် မြို့မအားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံတွင် ပြုလုပ်ကျင်းပခဲ့သည်။

 

1

 

ကသာခရိုင် အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌ ဖလားပြိုင်ပွဲသို့ ကသာခရိုင် အတွင်းရှိ ကသာ၊ အင်းတော်၊ဗန်းမောက်၊ ထီးချိုင့်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ထီးချိုင့်မြို့နယ်မှ ပထမဆုနှင့် ကောလင်းမြို့နယ်မှ ဒုတိယဆု ရရှိခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဘဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပထမဆု ရရှိသော ထီးချိုင့်မြို့နယ် အသင်းနှင့် ဒုတိယဆု ရရှိသော ကောလင်းမြို့နယ် အသင်းတို့အား ဆုတံဆိပ်နှင့် ငွေသားဆုများအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရဲလင်းထွန်း( ထီးချိုင့်)