ကရုဏာစည်းလုံးညီညွတ်ရေးအသင်းမှ ပခုက္ကူမြို့နယ်အတွင်းမှ ကျေးရွာ(၁၃)ရွာသို့ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး ပစ္စည်းများထောက်ပံ့

ပခုက္ကူ  ၇   ဧပြီ

 

ကရုဏာစည်းလုံးညီညွတ်ရေး အသင်းမှ ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သည့် ကျေးရွာ (၁၃)ရွာသို့ ကိုဗစ်-၁၉ကြိုတင်ကာကွယ် ရေးတွင် အသုံးပြုနိုင်ရန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲကို ဧပြီ ၇ ရက် နံနက် ၈ နာရီက ရွာပင်ကိုင်းကျေးရွာ စေတနာစာကြည့်တိုက်၌ ကျင်းပသည်။

 

2020

 

ရှေးဦးစွာ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ(ကိုဗစ်-၁၉) ဖြစ်ပွားနေမှုနှင့် နိုင်ငံတော်က ဆောင်ရွက် ပေးနေမှုများကို ရှင်းလင်းဆွေးနွေးပြီး ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေး အောင်က Quarantine နေသူများနှင့် ရပ်ရွာအလိုက် ကြီးကြပ်သူများ၊ မိသားစုများ လိုက်နာသင့်သည့်အချက်များနှင့် နှာခေါင်းစည်းများ စနစ်တကျအသုံးပြုရေး၊ လက်စနစ်တကျ ဆေးရေးတို့ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကရုဏာစည်းလုံးညီညွှတ်ရေးအသင်းမှ ကိုရဲကျော်ထက်က စီမံကိန်းဝင်ကျေးရွာ (၁၃) ရွာ အတွက်အသင်းက ထောက်ပံ့ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး လွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်ပြန်/ဆက် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ရွားပင်ကိုင်းကျေးရွာအပါအဝင် ကျေးရွာ (၆)ရွာအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။ အလားတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုနှင့် ကရုဏာ စည်းလုံးညီညွတ်ရေးအသင်းမှ တာဝန်ရှိသူများသည် ကုက္ကိုကုန်း၊ ကျွန်းဦး ကျေးရွာများ အပါအဝင် ကျေးရွာ (၇)ရွာ အတွက် ထောက်ပံ့ပစ္စည်းများကို သွားရောက်ပေးအပ်သည်။

 

0704

 

ကရုဏာစည်းလုံးညီညွတ်ရေး အသင်းအနေဖြင့် ကျေးရွာ(၁၃)ရွာသို့ Quarantine ဝင်နေရသူများ အတွက် တစ်ဦးလျှင် တစ်ရှူး(၁)ထုပ်၊ ဆပ်ပြာ(၁)ခဲ၊ မျက်နှာသုတ်ပုဝါတစ်ထည်၊ Mask နှင့် ကျေးရွာကော်မတီများအတွက် တစ်ရွာလျှင်  Hand Gel (၄)ဘူး၊ Mask (၅၀)၊ ရော်ဘာလက်အိတ်(၁၀ဝ)၊ ကာဘော်လိပ်ဆပ်ပြာ (၅)တောင့်၊ လက်ဆေးရေစင်၊ ရေပုံး ၁စုံ၊ အရက်ပြန်တစ်ဘူးနှင့် အသိပညာပေး ဗီနိုင်း ၂ချပ်စီနှင့် စီမံချက်ဝင်အုပ်စုတွင်း အခြားကျေးရွာ (၁၇)ရွာအတွက် ဗီနိုင်း ၊ ကာဘော်လိပ်ဆပ်ပြာ၊  အရက်ပြန် ၊ Hand Gel နှင့် နှာခေါင်းစည်း(Mask) များ  ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

 

ကိုဇော်(ဓာတု)

 

07042020