ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်များကို ကျေးလက်နေပြည်သူများ၏ လက်ဝယ် အရောက်ပေးအပ်

ကော့ကရိတ် စက်တင်ဘာ ၂၂

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် ယမန်နေ့ နံနက် ၁၁နာရီခွဲက ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ပရိယတ္တိစာသင်တိုက် ဓမ္မာရုံ ၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရန်ကျန်ရှိသည့် ကော့ဘိန်းကျေးရွာအုပ်စုမှ ကျေးလက်နေပြည်သူများအား  One Stop Shopဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်း ပြုလုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊  ဝန်ကြီးများနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ် (၂၂၇) ကတ်ကို  ကော့ဘိန်းနှင့် ကော့ပေါက်ကျေးရွာအုပ်စုတို့ရှိ ကျေးလက်နေပြည်သူ တစ်ဦးချင်း၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စောအောင်မျိုးလွင် (ပြန် / ဆက်)