ကရင်ပြည်နယ်ဖာပွန်မြို့၌  မိုးစပါးနှင့် ကိုဗစ် - ၁၉  အထူးချေးငွေ ထုတ်ပေး

ဖာပွန်  ၁၃  ဇူလိုင်

ကရင်ပြည်နယ်အတွင်း မိုးစပါးချေးငွေနှင့် ကိုဗစ် - ၁၉  အထူးချေးငွေများအား ၂၀၂၀ ခုနှစ် ဇွန်လမှ စတင်ထုတ်ချေးပေးလျက်ရှိပြီး  မိုးစပါးချေးငွေအဖြစ် လယ်တစ်ဧကအတွက် ငွေကျပ်  ၁၅၀,၀၀ဝ နှုန်းဖြင့် ထုတ်ချေးပေးရာမှ  ကိုဗစ် - ၁၉ ကြောင့် တောင်သူများထိခိုက်မှုအား ကုစားနိုင်ရေး အတွက် လယ်/ယာ တစ်ဧက ငွေကျပ် ၅၀,၀၀ဝ  နှုန်းဖြင့် ထပ်မံထုတ်ချေးပေးသွားလျက်ရှိသည်။

 

ကရင်ပြည်နယ်တစ်ခုလုံးအတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေအဖြစ် ကျပ်သန်း ၆၁၅၅ သန်း  ၊ Covid-19 အထူးချေးငွေအဖြစ် ကျပ်သန်း ၁၂၁၃ ဒသမ ၁ သန်း  အား လျာထား ထုတ်ပေးလျက်ရှိရာ  ဇူလိုင် ၁၃ ရက်က  ဖာပွန်မြို့၌ ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေနှင့် Covid – 19 အထူးချေးငွေအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)