ကရင်ပြည်နယ်မှ သူနာပြု ဆရာ/ဆရာမများ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင်ရန် ထွက်ခွာ

ဘားအံ ၂၁ စက်တင်ဘာ

 

ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ ၂၀ တို့သည် ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး)တွင် သွားရောက်တာဝန်ထမ်းဆောင်ရန် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားကြပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး)တွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သူနာပြု ဆရာ/ဆရာမများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ရန်ကုန်ဖောင်ကြီးတွင် COVID-19 Positive လူနာများကို အထူးကြပ်မတ် ကုသစောင့်ရှောက်ရေး ဆောင်ရွက်ပေးနိုင်ရန် သွားရောက်ကြသည့် Volunteer သူနာပြုများကို ကရင်ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်းနှင့် မိမိကျန်းမာရေး၊ ပြည်သူ့ကျန်းမာရေး တာဝန်များကို ထမ်းဆောင်ကြရန် မှာကြားခဲ့ပြီး ဂုဏ်ပြုငွေ ခြောက်သိန်းကို ချီးမြှင့်ပေးခဲ့သည်။

 

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်စွာမြင့်၊ ဘားအံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်နှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး)တွင် သွားရောက်တာဝန် ထမ်းဆောင်ကြမည့် သူနာပြုများအား လိုက်ပါပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

 

ပြည်နယ် (ပြန်/ဆက်)