ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

လှိုင်းဘွဲ   ၁၂   နိုဝင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးအရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မသန်စွမ်းသူတစ်ဦးလျှင် သုံးသောင်းနှုန်းဖြင့် လှိုင်းဘွဲမြို့နယ် မသန်စွမ်းသူ (၉၂၉) ဦးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းထံသို့လည်းကောင်း၊ ပိုင်ကျုံမြို့ မသန်စွမ်းသူ (၅၀၉) ဦးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းရန်နိုင်အား လည်းကောင်း၊ ရှမ်းရွာသစ် မြို့ (မသန်စွမ်းသူ(၅၃)ဦးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်ထံသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အခမ်းအနားသို့ တက်ရောက်လာကြသော မသန်စွမ်းသူများအား တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြသည်။ လှိုင်းဘွဲမြို့နယ်အတွင်းရှိ စုစုပေါင်းမသန်စွမ်းသူ ၁၄၉၁ ဦးအတွက် စုစုပေါင်း ငွေကျပ် ၄၄၇၃၀ဝ၀ဝ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)