ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင်  Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် စည်ပင်သာယာ မြို့မဈေးနှင့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

လှိုင်းဘွဲ   ၁၆    စက်တင်ဘာ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် Covid – 19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း၌ အခြေခံ စားသောက်ကုန်များအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားညွှန်ကြားချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူစည်ကားရာ နေရာဖြစ်သော စည်ပင်သာယာမြို့မဈေး၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့်ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စားပွဲဝိုင်းများအား ကြားတွင် အကာအရံများ ထားရှိရေး၊ လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်များ ထားရှိပေးရေး၊ ရောင်းချ သူများအနေဖြင့် Mask  များ၊ မျက်နှာကာများ တပ်ဆင်ပြီးမှ ရောင်းချမှု ရှိစေရေးတို့ကို  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)