ကြည့်မြင်တိုင် Quarantine စင်တာသို့ အလှူငွေပေးအပ်လှူဒါန်း

ကြည့်မြင်တိုင် ၂၁ စက်တင်ဘာ

 

ကိုဗစ်၁၉​ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် ကြည့်မြင်တိုင်မြို့နယ် Quarantine စင်တာများတွင် အသုံးပြုနိုင်ရန် ပန်းလှိုင်ရပ်ကွက်၊​ ရွှေဂုဏ်သူအိမ်ရာ A1မိသားစုများက စု​ပေါင်း၍​ငွေကျပ်သိန်း ၂၀​ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက ယင်းအိမ်ရာ သာယာ​ရေးရုံးခန်း၌ ပေးအပ်လှူဒါန်းခဲ့သည်။

 

အလှူရှင်များက ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်(၂) တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ် ဦးခင်၀င်းနှင့် မြို့နယ်ဒုတိယအုပ်ချုပ်​ရေးမှူး ဦး​ကျော်ရင်တို့ထံ​ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

တင်၀င်း​လေး(ကြည့်မြင်တိုင်)