ကျွန်းလှမြို့နယ်တွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး သင်တန်းဖွင့်

ကျွန်းလှ  ၂၀  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး(အခမဲ့)သင်တန်းကို ယနေ့ နံနက်(၉)နာရီက ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌ ကျင်းပသည်။

 

523

 

ထိုသင်တန်းကို မူလတန်းကြို ကလေးငယ်များ ကာယ၊ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်၊ ကလေးသူငယ် အခွင့်ရေးများ ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပါဝင်ဆောင်ရွက်ခွင့် အခွင့်ရေး ရရှိရေးအခွင့်လမ်းများ ဖမ်းတီးရန်၊ ရင်သွေးငယ်များအား မူလတန်းကျောင်းများသို့ အခြေခံ ကောင်းစွာဖြင့် ဝင်ရောက်နိုင်ရေး ပျိုးထောင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သင်တန်းနည်းပြ ဒေါ်ခင်မိုးဖြူက ပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ သင်တန်းသူ(၃၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ (၂၀) ရက်မှ မတ်လ (၁၁) ရက်နေ့ထိ ဖြစ်ကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)