ကွန်ဟိန်းမြို့၌ Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်လျှက်ရှိ

ကွန်ဟိန်း စက်တင်ဘာ ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအား အသိပညာပေးအစီအစဉ်များ ရိုက်ကူး၍ Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေး ခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ အသိပညာပေး ရိုက်ကူးထုတ်လွှင့်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသားလူငယ်များ၊ စာဖတ်ပရိသတ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်လာစေရန်၊ အတွေးအခေါ်ကောင်းများ ပေါ်ပေါက်လာစေရန်၊ Stay At Home ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချစေရန် ရည်ရွယ်၍ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ အရုပ်ခေါက်ခြင်း အစီအစဉ်များအပြင် ပြည်သူများအားအသိပညာပေး Talk Show အစီအစဉ်များကိုလည်း ရိုက်ကူးတင်ဆက် ပေးလျက်ရှိပါသည်။

   

အဆိုပါ ဆောင်ရွက်ခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ကြပြီး ကွန်ဟိန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Kunhing Facebook Page တို့မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

 

ပြည့်(ကွန်ဟိန်း)