ကွန်ဟိန်းမြို့ ရွှေဟင်္သာအေး စေတီတော်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်း

ကွန်ဟိန်း ၄ ဧပြီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ရွှေဟင်္သာအေး စေတီတော်ဘုရားဝင်းအတွင်း၌ ပိုးသတ်ဆေး ဖျန်းခြင်းအား ဧပြီ ၄ ရက်နေ့ နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

 

စေတီတော် ရင်ပြင်နှင့် ဘုရားဝင်းအတွင်းများသို့ ဆေးဖျန်းခြင်းဆောင်ရွက်ခဲ့ပြီး အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ပြည့်(ပြန်/ဆက်)