ကင်မရွန်း စစ်တပ်အရာရှိ အသတ်ခံရမှုနှင့် ပတ်သက်ပြီး လက်နက်ကိုင် ခွဲထွက်ရေးသမား လေးဦး အဖမ်းခံရ

၁၂ နိုဝင်ဘာ

 

ကင်မရွန်း စစ်တပ်အရာရှိတစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသည့် လက်နက်ကိုင် ခွဲထွက်ရေးသမား လေးဦးကို ကင်မရွန်းနိုင်ငံရှိ မူယူကာမြို့တွင် ယမန်နေ့က ဖမ်းဆီးခဲ့သည်။

 

စစ်တပ်က ၎င်းတို့၏ စခန်းကို ချုံခိုတိုက်ခိုက်ကာ ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ လက်နက်များကိုလည်း ဖမ်းဆီးရမိခဲ့သည်။

 

ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ထိုစစ်ဆင်ရေး အောင်မြင်မှု ရရှိခဲ့သဖြင့် ကျေးဇူးတင်ကြောင်း ယင်းစစ်တပ်က ပြောကြားခဲ့သည်။

 

စစ်တပ်အရာရှိ ဂျင်နိုဒိုဂိုကို ခွဲထွက်ရေး သမားများက ပြန်ပေးဆွဲခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်က အသက်ရှင်လျက် မြေမြှုပ်ခြင်း ခံခဲ့ရကြောင်း လုံခြုံရေး အစီရင်ခံစာများအရ သိရသည်။

 

အဆိုပါ သံသယရှိသူများက ထိတ်လန့်ဖွယ်ကောင်းသော လုပ်ရပ်ကို ရိုက်ကူးပြီး အွန်လိုင်းတင်ခဲ့ပြီးနောက် ကင်မရွန်းတွင် ယင်းသို့လူသတ်မှုကို ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ကြသည်။

 

၂၀၁၇ ခုနှစ် ကင်မရွန်း အနောက်တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားချိန်ကတည်းကစပြီး အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် ၃၀ဝ ကျော် အသတ်ခံခဲ့ရကြောင်း ထိုစစ်တပ်၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို