ကင်မီဆိုးကို သတိရကြောင်း ဖော်ပြခဲ့ကြတဲ့ ဂျန်ဟယ်အင်နဲ့ ဂျီဆူး

ဇန်နဝါရီ   ၉

လတ်တလော ကွယ်လွန်သွားခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး ကင်မီဆိုးကို သတိရကြောင်း သူနဲ့အတူ Snowdrop ဇာတ်လမ်းတွဲ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသား ဂျန်ဟယ်အင်နဲ့ မင်းသမီး ဂျီဆူး တို့က လူမှုကွန်ရက်မီဒီယာပေါ်မှာ ဖော်ပြခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ဇန်နဝါရီ ၇ ရက်မှာ ဂျီဆူးနဲ့ ဂျန်ဟယ်အင်တို့ဟာ သူတို့ရဲ့ အင်စတာဂရမ်စာမျက်နှာတွေပေါ်မှာ ကင်မီဆိုးနဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ကြပါတယ်။ ယင်းနေ့မှာ ကင်မီဆူးရဲ့ အသုဘအခမ်းအနား ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အေးပြည့်