ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ရေးအတွက် အရက်နဲ့ ဆေးလိပ်ကို အခွန်တိုးကောက်မယ်

၈ ဇူလိုင်

 

အာဖရိက သမဂ္ဂအဖွဲ့ဝင်များရဲ့ ဇနီးသည်များ တက်ရောက်တဲ့ အစည်းအဝေးကနေ ကင်ဆာရောဂါတွေဖြစ်စေတဲ့ ပစ္စည်းတွေဖြစ်သော ဆေးလိပ်နဲ့ အရက် ကုန်ပစ္စည်းတွေအပေါ် အခွန် တိုးမြှင့်ကောက်ခံမယ်လို့ နိုင်ဂျာမှာ ကျင့်ပတဲ့ အစည်းအဝေးကနေ မနေ့က ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ 

 

အရက်နဲ့ ဆေးလိပ်ပစ္စည်းတွေကို အခွန်တိုးကောက်မှာဖြစ်တဲ့အပြင် ကင်ဆာရောဂါ ကုသရေးကို နည်းဗျူဟာတွေပါ ပြင်ဆင်ဖို့ပါလုပ်ဆောင်ဖို့ ရှိနေပါတယ်လို့လည်း သိရပါတယ်။ 

 

mdn

 

ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့ ဆက်စပ်မှုရှိတဲ့အတွက် အခွန်အကောက် တိုးမြှင့်ကောက်ခံထားတဲ့ အနောက်နိုင်ငံတွေထက် အာဖရိကနိုင်ငံတွေမှာ ဆေးလိပ်နဲ့ အရက်ဈေးက ပိုပေါတာကို တွေ့ရပါတယ်။

 

ပြင်သစ်နိုင်ငံရှိ ရာဖဲအင်စတီကျူက ကင်ဆာပညာရှင် အေလိန်း တိုလီဒန်နိုက အာဖရိကနိုင်ငံမှာ ကူးစက်ရောဂါတွေကို စိုးရိမ်မှုက မှန်ကန်ပေမယ့် ကင်ဆာရောဂါကို မေ့နေကြတယ်။ ၁၉ သန်းသော ကင်ဆာရောဂါရှင်တွေ နှစ်စဉ်သေဆုံးရာ ၇၀ % ရာခိုင်နှုန်း ဆင်းရဲတဲ့ နိုင်ငံတွေက ဖြစ်တယ်။ အဲဒီထဲမှာ အာဖရိကလည်း သန်းပေါင်းများစွာ ပါဝင်နေပါတယ်။ ၂၀၆၃ ခုနှစ်မှာ အာဖရိကရဲ့ လူသက်တမ်းကို နှစ် ၆၀ ကနေ ၇၅ နှစ်ကို တိုးမြှင့်နိုင်ရေးအတွက် ကင်ဆာရောဂါကို တိုက်ဖျက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။ 

 

MDN
ကိုးကား - AFP