ကျွန်းစုမြို့နယ်၌ အခြေခံလူတန်းစားများအား ဆန်လှူဒါန်း

mdn

ကျွန်းစု        စက်တင်ဘာ        ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြိုန့ယ် ပရည်ကျွန်းကျေးရွာတွင် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက အခြေခံစားကုန်ဖြစ်သည့် ဆန် ၁၂ ပြည်အိတ် အိတ် ၂၃၀ ကို လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုတွင် မြိတ်မြို့မှ အလှူရှင် ဦးမြင့်လွင်နှင့် ဒေါ်စန်းစန်းမြင့် မိသားစုက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပရည်ကျွန်းကျေးရွာ၌ နေထိုင်သော လက်လုပ်၊ လက်စား အခြေခံအိမ်ထောင်စုများအား စားသောက်ရေးအဆင်ပြေစေရန်အတွက် နေအိမ်တစ်အိမ်လျှင် ဆန် ၁၂ ပြည်အိတ် တစ်အိတ်နှုန်းဖြင့် ဆန်အိတ် ၂၃၀ ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။  

ကျွန်းစု(ပြန်/ဆက်)