ကျွန်းစုမြို့နယ်အတွင်း ရေယာဉ်များ မောင်းနှင်ထွက်ခွာ သွားရောက်ခြင်းမပြုကြရန် သတိပေးကြေညာချက် ထုတ်ပြန်ထားရှိ

ကျွန်းစု ၃ ဩဂုတ်

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၂ ရက် နေ့စွဲပါစာဖြင့် ကျွန်းစုမြို့နယ်တွင် ကုန်တင်စက်လှေများ၊ အပျော်စီးရေယာဉ်များနှင့် ကျန်ကမ်းရိုးတန်းသွား ခရီးသည်တင် အမြန်ရေယာဉ်များအားလုံး မောင်းနှင်ထွက်ခွာ သွားရောက်ခြင်းမပြုကြရန် သတိပေးကြေညာချက် ထုတ်ပြန်ထားရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါထုတ်ပြန်စာ၌ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဩဂုတ် ၂ ရက် ထုတ်ပြန်ကြေညာချက်အရ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်‌လေပြင်း ကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်သဖြင့် သစ်သားခွံကုန်တင်စက်လှေများ၊ အပျော်စီးရေယာဉ်များနှင့် ကျန်ကမ်းရိုးတန်းသွား ခရီးသည်တင် အမြန်ရေယာဉ်များအားလုံး ထွက်ခွာခွင့်လုံးဝ(လုံးဝ) မပြုကြောင်း အသိပေးကြေညာထားရှိသည်။

 

စည်သူရအောင်(ကျွန်းစု)